+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, September 24, 2011

ကချင်ပြည်နယ်မှာ အစိုးရထိုးစစ် စတင်


ကချင်ပြည်နယ်မှာ အစိုးရထိုးစစ် စတင်
2011-09-24

ကချင်ပြည်နယ်အတွင်း အစိုးရတပ်တွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အစိုးရတပ်ဘက်က ထိုးစစ်ကြီး စတင်ပြီ ဖြစ်တယ်လို့ KIO ဘက်က ပြောဆိုပါတယ်။

အစိုးရတပ်တွေရဲ့ အဓိက ထိုးစစ်ဟာ ပွင့်လင်းရာသီဖြစ်တဲ့ အောက်တိုဘာလမှာ စတင်နိုင်တယ်လို့ KIO ဘက်က ခန့်မှန်းထားပေမယ့် ထိုးစစ်ကို စောပြီး စတင်တာဖြစ်တယ်လို့ KIO တပ်မဟာ (၄) ရဲ့ တပ်မှူး ဗိုလ်မှူးကြီးဇော်ရော် က ပြောပါတယ်။

အခု စတင်တဲ့ ထိုးစစ်ဟာ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံကို သွယ်တန်းတဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းတဲ့ လမ်းကြောင်းမှာ ကျနေတဲ့ KIO တပ်မဟာ (၄) နယ်မြေမှာ မနေ့က စတင်တာလို့ သိရပါတယ်။

ဒီ ထိုးစစ် စတင်ဖို့ ပြီးခဲ့တဲ့လပိုင်းက စပြီး တပ်စုဆောင်းတာ၊ တပ်ရွှေ့ပြောင်းတာတွေ လုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ အပတ်တွေကလည်း အစိုးရတပ်တွေဟာ KIO စစ်ဌာနချုပ်ရှိရာ တရုတ်-မြန်မာ နယ်စပ်ဘက်မှာ အားစမ်းတဲ့ ထိုးစစ်တွေ လုပ်ခဲ့ပြီး ပြန်လည် ဆုတ်ခွာသွားတာ ဖြစ်ပါတယ်။

အခုလို အစိုးရတပ်တွေက ထိုးစစ်ဆင်လာတဲ့အတွက် KIO အနေနဲ့ ခံစစ်အပြင် ပြောက်ကျားပုံစံနဲ့ ပြန်လည် တိုက်ခိုက်နေတာလို့ KIO တပ်မဟာ (၄) တပ်မှူး ဗိုလ်မှူးကြီးဇော်ရော် က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုရဲထက်ရဲ့ စုစည်းတင်ပြချက်နဲ့ ဦးတင်အောင်ခိုင်ရဲ့ ဆက်သွယ်မေးမြန်းချက်တွေကို နားဆင်နိုင်ပါတယ်။





Copyright © 1998-2011 Radio Free Asia. All rights reserved.



Source Audio from http://www.bbcburmese.com

0 comments:

Post a Comment