+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, September 24, 2011

ထိုင်းဘုရင်မင်းမြတ်၏မွေးနေ့တွင် အကျဉ်းသား အမြောက်အများ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ထိုင်းအစိုးရ စီစဉ်နေ

ဖြူထိုင်းပါတီအမတ် Korkaew-Pikulthong
Source Photo from http://www.daylife.com

ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ထိုင်းဘုရင်မင်းမြတ်၏ မွေးနေ့ပွဲတွင် အကျဉ်းသား အမြောက်အမြား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဖြူထိုင်းပါတီဦးဆောင်သော ထိုင်းအစိုးရက စီစဉ်နေသည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။ မျက်ကွယ်ထောင်ဒဏ်ချမှတ် ခံထားရသော သက်ဆင်ကို လွတ် ငြိမ်းချမ်းသာခွင့် ပေးရန်အတွက် တစ်ဖက်လှည့်ဖြင့် စီစဉ်မှုဟု အတိုက် အခံဒီမိုကရက်တို့က ဝေဖန်ခဲ့ကြသည်။

ဖြူထိုင်းပါတီမှ အမတ် Kor-kaew Pikulthong က ဘုရင်ကြီး၏ ၇ နှစ်စက်ဝန်းထပ်ကျော့သည့် မွေး နေ့ (၈၄ နှစ်=၇x၁၂) တွင် အကျဉ်း ကျ သူအမြောက်အမြားပါဝင်စေရန် လွတ်ငြိမ်းချမ်းသာခွင့်အဆိုပြုမည်ဖြစ် သည်ဟု စက်တင်ဘာလ ၂၂ ရက်နေ့က ပြောကြားခဲ့သည်။

တရားရေးဝန်ကြီးပရာချာ ပရွန်နော့က ထောင်များမှာ အကျဉ်းသားများနှင့် ပြည့်လျံနေပြီဟု ပြောခဲ့ကြောင်း၊ လူ ၁၄၀၀၀၀ သာဆန့်သည့် ထောင်များထဲတွင် ၂၃၀၀၀၀ မျှရှိနေကြောင်း Korkaew က ပြောကြားခဲ့ သည်။ မည်သည့်ပြစ်ဒဏ်ကျခံရသူများ လွတ်ငြိမ်းချမ်းသာခွင့်တွင် အကြုံးဝင်မည်ဟု မသိရသေးသော်လည်း သက်ဆင်လွတ်သွားမည်ဟု အများစုက ယူဆနေကြသည်။
စက်တင်ဘာလ ၁၉ ရက်နေ့က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ခေါင်းဆောင်မှုဆုတံဆိပ်ချီးမြှင့်နေစဉ်


ဝန်ကြီးချုပ်ဟောင်းသည် ၂၀၀၃ ခုနှစ်က ဇနီးအမည်ဖြင့် အိမ်ရာဝယ်ယူမှုတွင် အာဏာအလွဲသုံးမှုဖြင့် ၂၀၀၈ ခုနှစ် မျက်ကွယ်ထောင် ဒဏ်နှစ်နှစ် ချမှတ်ခံထားရသည်။

Korkaew က အစိုးရသည် ရှပ်နီများ ၏ သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အသနားခံစာ တင်ပြမှုကို ဘုရင်မင်းမြတ်ထံ တင်ပြသွားမည် ဖြစ်သည်ဟုပြောကြားခဲ့သည်။ ယင်းအသနားခံစာသည် အဘ်ဟီးဆစ် အစိုးရလက်ထက်တွင် နှစ်နှစ်ကြာမျှ ဇာတ်မြောနေသည့်ကိစ္စ ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်းသည် ယမန်နှစ် မငြိမ်မသက်မှုများနှင့်ဆက်နွှယ်သည့် အကြမ်းဖက်မှုစွဲချက်၊ နှစ်လုံး သုံးလုံးထီများ တရားမ၀င်ဖွင့်မှုစွဲချက်၊ အိမ်နီးချင်းနိုင်ငံသို့ Exim Bank များမှ ငွေချေးမှုတွင် ဆက်နွှယ်ပြီး အာဏာ အလွဲသုံးမှု၊ ထိုင်းရေနံဓာတုလုပ်ငန်း ပြန်လည်ထူထောင်ရေးပြင်ဆင်ရေး တွင် ပါဝင်ပတ်သက်မှုစွဲချက်များနှင့် လည်းရင်ဆိုင်နေရသည်။
ဘုရင်လိုလားသူများနှင့်ဒီမိုကရက်တို့နှင့်ဆက်နွှယ်သည်ဟု ထင် ရှားသည့် ရှပ်ဝါများကမူ ရှပ်နီတို့နှင့် သက်ဆင်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးမည့်အစီအစဉ်ကို ကန့်ကွက်ကြောင်း ပြောကြားထားသည်။

Ref: Bangkok Post

Credit http://www.news-eleven.com

0 comments:

Post a Comment