+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, September 24, 2011

ပုဂံဒေသရှိ ရှေးဟောင်းဘုရား ပုထိုးများ ဓါတုဗေဒ နည်းပညာများဖြင့် ထိန်းသိမ်း ပြုပြင်

Source Photo from http://www.google.com/images

ပုဂံဒေသရှိ ရှေးဟောင်းဘုရား ပုထိုးများ

ဓါတုဗေဒ နည်းပညာများဖြင့် ထိန်းသိမ်း ပြုပြင်လျက်ရှိ

24 September 2011
by mrtv4.net

မြန်မာတို့ရဲ့ ရှေးဟောင်း အမွေအနှစ်များ တည်ရှိလျက်ရှိတဲ့ ပုဂံဒေသရှိ ရှေးဟောင်းပုထိုးများမှ နံရံဆေးရေး ပန်းချီများ ၊ အင်္ဂတေပန်းများ ၊ ရှေးဟောင်းဂူများရှိ အုတ်ခွက်များကို ဓါတုဗေဒ နည်းပညာ များနဲ့ ထိန်းသိမ်းထား လျက်ရှိတယ်လို့ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နဲ့ စာကြည့်တိုက် ဦးစီးဌာနမှ သိရှိရပါသည်။

ရှေးဟောင်း အမွေအနှစ် ဒေသများကို ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်ရာမှာ အဆောက်အအုံ ပိုင်းဖြစ်တဲ့ ရှေးဟောင်း အဆောက်အအုံ ၊ စေတီပုထိုးများရဲ့ အဆောက်အအုံများ ပြုပြင် မွမ်းမံခြင်းနှင့် အတွင်းပိုင်း ပန်းချီ ၊ ပန်းပု လက်ရာများကို ပြုပြင် မွမ်းမံခြင်းတို့နဲ့ ထိန်းသိမ်းဆောင်ရွက် လျက်ရှိတယ်လို့ သိရပါသည်။

အဲ့ဒါကြောင့် အတွင်းပိုင်းမှာရှိတဲ့ အင်္ဂတေပန်း ၊ စဥ့်လက်ရာပန်း ၊ နံရံဆေးရေး ပန်းချီများကို ဓါတုဗေဒ နည်းပညာများ အသုံးပြုပြီး သိပ္ပံနည်းကျ ကြေးချွတ်ခြင်း ၊ ကြံ့ခိုင်မှုအတွက် ထိန်းသိမ်းခြင်း လုပ်ငန်းများကိုပါ ဆောင်ရွက်ရပါသည်။

ဒါ့အပြင် ပန်းချီလက်ရာ များဟာလည်း နှစ်ကာလ ကြာရှည်တာ နဲ့အမျှ အရောင်အသွေး ပျက်တဲ့အတွက် ရေရှည်မှတ်တမ်း ကျန်ရှိအောင် အဆိုပါ လက်ရာများကို Digital နည်းပညာများနဲ့ ဓါတ်ပုံရိုက်ပြီး စနစ်တကျ ထိန်းသိမ်းထားလျက် ရှိတယ်လို့လည်း သိရပါသည်။ ယခုနှစ် အတွင်းမှာလည်း အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန okawoe Archaeological Survey of India နဲ့ ပူးပေါင်းပြီး အာနန္ဒာဘုရားကြီး ရေရှည်တည်တံ့ ထိန်းသိမ်းရေးများကို ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါသည်။

လာမယ့် နိုဝင်ဘာလ အတွင်းမှာလည်း အာနန္ဒာ ဘုရားကြီးရဲ့ အမိုးလျောများမှ မိုးရေမစိမ့်အောင် ခေတ်မီ နည်းစနစ်များနဲ့ ပြုပြင် ထိန်းသိမ်း ခြင်းများကိုလည်း ဆောင်ရွက် သွားမယ်လို့ သိရပါသည်။ အဆိုပါ ထိန်းသိမ်းပြုပြင် မှုများအပြင် အင်းဝမြို့ဟောင်းရဲ့ မြို့ရိုး ၊ ကျုံးနဲ့သစ်လုံး ခံတပ်များ ပြန်လည်ဖော်ထုတ် ၊ ထိန်းသိမ်းခြင်း တွေကိုလည်း ပြုလုပ်လျက် ရှိပါသည်။

ဒီလို တူးဖော်မှု လုပ်ငန်း စီမံချက်များ ၊ ခေတ်မီနည်း စနစ်များနဲ့ ထိန်းသိမ်း မွမ်းမံ မှုကိုတော့ ပြည်ပမှ ပညာရှင်များနဲ့ ပူးပေါင်း လုပ်ဆောင် ဖို့အတွက် စီမံချက်များ ရေးဆွဲကာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါသည်။



Credit http://www.mrtv4.net.mm/

0 comments:

Post a Comment