28 September, 2011
ကမ္ဘာ့အကြီးဆုံး လက်ဝတ် ရတနာနဲ့ ကျောက်မျက် ပြပွဲလို့ ပြောရမယ့် September Hong Kong Jewellery & Gem Fair ကို တရုတ်နိုင်ငံရှိ အထူး အုပ်ချုပ်ခွင့်ရ ဒေသ ဟောင်ကောင်မှာ အခုလ (၂၁)ရက်နေ့ ကနေ (၂၅)ရက်နေ့ အထိ (၅)ရက်ကြာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ံHong Kong Convention & Exhibition Centre HKCEC မှာ ကျင်းပခဲ့တဲ့ အဆိုပါ ပြပွဲရဲ့ ဧရိယာ အကျယ်အ၀န်းဟာ စတုရန်း မီတာ (တစ်သိန်းသုံးသောင်း) အထိ ကျယ်ဝန်း တယ်လို့ သိရပါတယ်။
အဲ့ဒီပြပွဲမှာ နိုင်ငံပေါင်း (၄၆)နိုင်ငံမှ ကုမ္ပဏီပေါင်း (၃၃၀၀)ကျော်က အဖိုးတန် ကျောက်မျက်နဲ့ လက်ဝတ်ရတနာ အချောထည် ပစ္စည်းတွေ ကိုပဲ သီးသန့် ခင်းကျင်း ပြသခဲ့တာ ဖြစ်ပါတယ်။

September Hong Kong Jewellery & Gem Fair 2011
Date: 19 September – 23 September 2011
ဒီလို ကြီးကျယ် ခမ်းနားတဲ့ လက်ဝတ် ရတနာ ပြပွဲကို နိုင်ငံပေါင်း (၁၃၅)နိုင်ငံ မှ ဈေးဝယ် သူပေါင်း (၄၄၀၀၀)ကျော် လာရောက် လေ့လာ ၀ယ်ယူခဲ့ကြတယ်လို့ သိရပါတယ်။ ပြပွဲ ကျင်းပရာ ဟောင်ေ ကာင်မြို့မှာ အခွန် ကင်းလွတ်ခွင့် ပေးထားတာကြောင့် အဖိုးတန် လက်ဝတ်ရတနာ ပစ္စည်းတွေ ၀ယ်ယူကြတဲ့ လူတွေအနေနဲ့ အခွန်ပေးဆောင်ဖို့ မလိုအပ်ဘူးလို့ သိရပါတယ်။ ဒါ့ကြောင့်လည်း အဆိုပါ September Hong Kong Jewellery & Gem Fair ဟာ ရောင်းသူ၊ ၀ယ်ယူနှစ်ဦး စလုံးကို အကျိုးအမြတ်တွေ ရရှိစေခဲ့တယ်လို့ သိရပါတယ်။
Credit http://www.mrtv4.net.mm
0 comments:
Post a Comment