+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, September 28, 2011

စူပါ Wi Fi စနစ် မကြာမီ လာတော့မည်

Julius Genachowski
( ဖယ်ဒရယ် ဆက်သွယ်ရေး ကော်မစ်ရှင် ဥက္ကဋ္ဌ)
Source Photo from http://www.google.com/images

စူပါ Wi Fi စနစ် မကြာမီ လာတော့မည်
28 September, 2011

အမေရိကန် ပြည်ထောင်စုတွင် မကြာတော့သည့် ကာလ၌ စူပါ Wi Fi ခေါ် နည်းပညာသစ် ကို စတင် အသုံးပြုနိုင်တော့ မည် ဖြစ်ကြောင်း သိရသည်။ တနင်္လာနေ့က ဖော်ပြခဲ့သည့် ဖယ်ဒရယ် ဆက်သွယ်ရေး ကော်မစ်ရှင် ဥက္ကဋ္ဌ Julius Genachowski ၏ အပြောအရ စူပါ Wi Fi မှာ ပုံမှန် Wi Fi သုံးစွဲမှုများ ရှိနေသည့် နေရာများတွင် သုံးစွဲမှု အလွန် များနေပါက မြန်နှုန်း ကို မြှင့်တင်ပေးနိုင်ရန် ပြုလုပ်ပေးမည် ဖြစ်သည်။
Source Photo from http://www.techhelpdiva.com

ယခုလို နည်းပညာသစ်ကို လောလောဆယ် အနေဖြင့် လူအများသုံးစွဲသည့် နေရာများတွင် သုံးစွဲ၍ ရဦးမည် မဟုတ်ကြောင်းလည်း သိရသည်။ Genachowski ၏ အပြော အရ အမေရိကန် ပြည်ထောင်စုမှာ မိုဘိုင်း ထုတ်ကုန်များအတွက် အင်တာနက်လှိုင်း အလျှားမှာ ပိတ်ဆို့မှုများ ရှိနေေ ကြာင်း အများစုသော လေလှိုင်းများမှာ တီဗွီ ထုတ်လွင့်မှုများတွင် သုံးစွဲနေကြောင်း အချို့သော လှိုင်းအလျှားများသာ လွတ်နေပြီး ယင်းသို့သောလှိုင်း များကို white spaces ဟု ခေါ်ဆိုပြီး စူပါ Wi Fi မှာ ယင်း လှိုင်းအလျှား များကို အသုံးချမည် ဖြစ်ကာ အထူးသဖြင့် လှိုင်းအလျှားများ ကို အများ ဆုံး အသုံးချထားသည့် နေရာများတွင်လည်း ယင်းသို့သော white spaces များ ရှိနေသဖြင့် ယခုလိုသုံးစွဲ၍ ရနိုင်ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။
source : Daily Mail

Copy from http://www.mrtv4.net.mm

0 comments:

Post a Comment