+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, October 29, 2011

အီသီယိုပီးယား တွင် အမေရိကန်တို့ လျှို့ဝှက် လေယာဉ်ကွင်း အသုံးပြုနေ

 An armed MQ-9 Reaper drone 
Photo: GETTY IMAGES 
 Source Photo from http://www.google.com/images 

အီသီယိုပီးယား တွင် အမေရိကန်တို့ 

လျှို့ဝှက် လေယာဉ်ကွင်း အသုံးပြုနေ 

29 Oct, 2011
အာရေဘီယံ ကျွန်း ဆွယ် နဲ့ အာဖရိက ဦးချို ဒေသ တွေမှာ မောင်း သူမဲ့ လေယာဉ် တွေနဲ့ စီးနင်း တိုက်ခိုက် ဖို့ အမေရိကန် စစ်ဖက်ဟာ အီသီယိုပီးယား နိုင်ငံ တောင်ပိုင်းက လျှို့ဝှက် လေယာဉ်ကွင်း တစ်ကွင်းကို အသုံးပြုနေကြောင်း သိရပါတယ်။ အဆိုပါ လေယာဉ်ကွင်း ဟာ အီသီယိုပီးယား နိုင်ငံ Arba Minch မြို့ရှိ အရပ်ဖက်သုံး လေယာဉ်ကွင်း ဖြစ်ပြီး ဒါဟာ အမေရိကန်တို့ရဲ့ မောင်း သူမဲ့ လေယာဉ်တွေအတွက် လျှို့ဝှက် အခြေစိုက် စခန်း ကွန်ယက်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။

အမေရိကန် လေတပ်ဟာ အီသီယိုပီးယား နိုင်ငံ အတွင်းရှိ အဲ့ဒီ လေယာဉ်ကွင်းကို Reaper အမျိုးအစား မောင်းသူမဲ့ လေယာဉ်တွေ တပ်ဖွဲ့လိုက် ထားရှိနိုင်အောင် အဆင့်မြင့် ပြုပြင်နေပါတယ်။ အဆိုပါ မောင်းသူမဲ့ လေယာဉ်တွေဟာ Hellfire ဒုံးကျည်တွေနဲ့ ပစ်မှတ်ကို တိကျစွာ ချိန်ကိုက် ပစ်ခတ်နိုင်တဲ့ ဗုံးတွေ သယ်ဆောင်နိုင်စွမ်း ရှိပါတယ်။ (၂၀၀၉)ခုနှစ်မှာ အမေရိကန် သမ္မတ ဘားရက် အိုဘားမား စတင် တာဝန် ထမ်းဆောင်ခဲ့ချိန်က အစပြုပြီး အမေရိကန် စစ်ဖက်ဟာ မောင်းသူမဲ့ လေယာဉ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို မောင်းသူမဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်မှုကို ပါကစ္စတန် ၊ ယီမင်နဲ့ ဆိုမာလီ နိုင်ငံတွေမှာလည်း အမေရိကန်တို့က အရှိန်အဟုန်နဲ့ အကောင်အထ ည် ဖော်နေပါတယ်။

အမေရိကန်တို့ကတော့ မောင်းသူမဲ့ လေယာဉ်တွေဟာ စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်ကြောင်း ပြောကြားခဲ့ေ ပမယ့် အဲ့ဒီ တိုက်ခိုက်မှုတွေကြောင့် သေဆုံးရသူ အများစုဟာ အရပ်သားတွေ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အခုလို မောင်းသူမဲ့ လေ ယာဉ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုကို အမေရိကန် ဗဟို ထောက်လှန်းရေး အေဂျင်စီCIA ရဲ့ ဦးဆောင်မှုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်ေ ကြာင်း သိရပါတယ်။


 Credit http://www.mrtv4.net.mm

0 comments:

Post a Comment