+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, October 29, 2011

စပါးအထွက်တိုး ပြိုင်ပွဲ

Kengtung Images
This photo of Kengtung is courtesy of TripAdvisor
Source Photo from
http://www.tripadvisor.com/LocationPhotos-g303660-w3-Kengtung.html#18706378

စပါးအထွက်တိုး ပြိုင်ပွဲ 

30 Oct, 2011

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန အနေနဲ့ လာမယ့် နွေစပါး စိုက်ပျိုးမှု ရာသီအတွင်း တစ်ဧကကို ပျမ်းမျှ စပါးတင်း (၂၀၀)အထက် ထွက်ရှိဖို့ အတွက် ဘယ်သူမဆို ယှဉ်ပြိုင်နိုင် တယ်လို့ မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်းက သိရပါတယ်။

ဒီလို ယှဉ်ပြိုင် ရာမှာ ပြိုင်ပွဲ တစ်ခုကို လယ်မြေ ပြိုင်ဆိုင်မှု အနည်းဆုံး ဆယ်ဧက တစ်ဆက်တည်း ရှိမှ ပါဝင် ယှဉ်ပြိုင် နိုင်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲ ၀င်ချင်သူ တွေက နွေစပါးကို စတင် စိုက်ပျိုးမယ့် အချိန်မှာ စိုက်ကွင်း အမှတ်နဲ့ နေရာတွေကို အတိအကျ စာရင်းစုကာ သက်ဆိုင်ရာ မြို့နယ် မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်း ရုံးခွဲတွေကို ပေးပို့ရမှာ ဖြစ်ပါတယ်။

ဒီလို ပေးပို့ပြီး စိုက်ပျိုးမှု အဆင့်ဆင့် ကိုလည်း တောင်သူ အနေနဲ့ မှတ်တမ်း ပြုစုထားဖို့ လိုအပ်တာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ စစ်ဆေးဖို့ ကတော့ စပါးရိတ် သိမ်းချိန် နီးမှသာ သွားရောက် စစ်ဆေး ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် အတွက် ယှဉ်ပြိုင်ရာမှာ စပါး အမျိုးအစားနဲ့ စိုက်ပျိုးမှု နည်းစနစ် ကိုလည်း လွတ်လွတ် လပ်လပ် စိုက်ပျိုး နိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် နေရာဒေသ သတ်မှတ်မှုနဲ့ စုပေါင်း ယှဉ်ပြိုင်မှုမှာ လည်း လူဦးရေ ကန့်သတ်ချက် မရှိဘူးလို့ သိရပါတယ်။ ဒီလို ယှဉ်ပြိုင်ပြီး ဆယ်ဧက စလုံးအတွက် ပျမ်းမျှတင်း (၂၀၀)နဲ့ အထက် ထွက်ရှိရမှာ ဖြစ်ပါတယ်။

ဒီလို ထွက်ရှိ လာရင်တော့ သတ်မှတ် ထားတဲ့ တင်းထက် ပိုမို ထွက်ရှိမှု အလိုက် ပထမဆုကျပ် ဆယ်သိန်း၊ ဒုတိယဆု ကျပ်ခုနှစ်သိန်း၊ တတိယဆု ကျပ်ငါးသိန်းနဲ့ နှစ်သိမ့်ဆုကို ကျပ်သုံးသိန်းစီ ချီးမြှင့်မှာ ဖြစ်ပါတယ်။

အခုလို ဆန်စပါး အထွက်တိုး ပြိုင်ပွဲ ပြုလုပ် ရတာဟာ တောင်သူတွေရဲ့ ဆန်စပါး အထွက် နှုန်းတွေ တိုးတက်ပြီး ၀င်ငွေ တိုးပွား လာစေဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။

Credit http://www.mrtv4.net.

0 comments:

Post a Comment