
Thailand announced a five-day holiday on Tuesday to give people to the chance to escape floods closing in on Bangkok. (Reuters)
Source Photo from http://www.cbc.ca/news
ဘန်ကောက်မြို့ ဒုံမောင်းလေဆိပ်ရေလွှမ်း
By ဗီအိုအေ (မြန်မာဌာန)
အင်္ဂါ, 25 အောက်တိုဘာ 2011
ထိုင်းနိုင်ငံမှာ ရေဘေးနဲ့ကြုံနေရတာမှာ အင်္ဂါနေ့မှာပဲ ဘန်ကောက်မြို့တော်က Don Muang လေဆိပ်ကို ရေတွေ ရောက်ရှိလာတာကြောင့် လေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းထားရပြီး အာဏာပိုင်တွေဟာ လေဆိပ်မှာရှိတဲ့ အဓိက ကယ်ဆယ်ရေးစခန်းကနေ လူတွေ မြို့တောင်ဘက်က ကယ်ဆယ်ရေးစခန်းဆီ ရွှေ့ပြောင်းနေကြရပါပြီ။

Source Photo from http://www.google.com/images
မြို့ရဲ့အရှေ့တောင်ပိုင်းက ပင်မ နိုင်ငံတကာလေဆိပ်ကတော့ ထိခိုက်မှုမရှိပါဘူး။ ဒါပေမယ့် နိုင်ငံမြောက်ပိုင်းက ရေလွှမ်းခံနေရတဲ့ ဒေသတွေဆီ ကယ်ဆယ်ရေးပစ္စည်းတွေကို လေကြောင်းနဲ့ ပို့ပေးတဲ့နေရာမှာ ဒီ Don Muang လေဆိပ်ကို အဓိက အသုံးပြုနေတာပါ။ ဝန်ကြီးချုပ် Yingluck Shinawatra က အင်္ဂါနေ့မှာ အတိက်အခံခေါင်းဆောင် Abhisit Vejjajiva နဲ့တွေ့ဆုံခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင် Abhisit Vejjajiva
Source Photo from http://www.google.com/images
Mr Abhisit က ဒီပြဿနာဖြစ်နေချိန်မှာ အစိုးရရဲ့လုပ်ကိုင်မှုတွေကို ထောက်ခံ အားပေးသွားမယ်လို့ ကတိပြုထားတာပါ။ ရေဘေးဒဏ်ခံရတဲ့ ကုန်ထုတ်လုပ်ရေးသမားတွေ၊ အသေးစားနဲ့ အလယ်အလတ်လုပ်ငန်းပိုင်ရှင်တွေ၊ ကိုယ်ပိုင်ရပ်တည်တဲ့ စီးပွားရေးသမားတွေကို ကူညီဖို့အတွက် ဒေါ်လာ သန်း ၈,၀၀၀ ထုတ်ချေးဖို့ ၀န်ကြီးအဖွဲ့က အတည်ပြုလိုက်ပါတယ်။
ရေဘေးဒဏ်ကနေ ပြန်နလည်ထူရေး လုပ်ဆောင်နိုင်ဖို့အတွက်လည်း အောက်တိုဘာ လကုန်ပိုင်းမှာ အများပြည်သူ ရုံးပိတ်ရက် ၄ ရက်ကြေညာမယ်လို့ ပြောပါတယ်။ ဒီရေဘေးကြောင့် စီးပွားရေးအရ ဒေါ်လာ သန်း ၆,၀၀၀ ဖိုး ဆုံးရှုံးမှုရှိတယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းပါတယ်။
သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/--10-25_11_my-news-International--132572188.html
0 comments:
Post a Comment