
Source Photo from http://www.euronews.net/2011/10/26/bangkok-could-be-flooded-for-weeks-if-dykes-go/
ဘန်ကောက်ရေဘေးအတွက် ထိုင်းရေတပ်အသင့်
ဗုဒ္ဓဟူး, 26 အောက်တိုဘာ 2011
ကျောက်ဖယားမြစ်ထဲကရေတွေ ကာထားတဲ့ တမံတွေကို ကျော်ပြီး ဘန်ကောက်မြို့တော်ထဲ ၀င်မလာနိုင်အောင် ထိုင်းအာဏာပိုင်တွေ အစွမ်းကုန် ကြိုးစားနေကြပါတယ်။
မြို့ထဲဝင်လာတဲ့ရေတွေကို မြစ်ထဲစုပ်ထုတ်နေတဲ့လုပ်ငန်းတွေ အရှိန်မြင့် လုပ်ဆောင်နိုင်ဖို့ ထိုင်းရေတပ်ကလည်း ကျောက်ဖယားမြစ်ထဲ ရေတပ်သင်္ဘောတွေ စေလွတ်ထားပါတယ်။
အဲဒီလို ရေတွေ စုပ်ထုတ်တဲ့အစီအစဉ်က အတော်လေး အထောက်အကူပြုတဲ့အကြောင်း ရေတပ် ဗိုလ်မှူးကြီး Prasert Chanprapak က ပြောပါတယ်။ ရေတပ်သင်္ဘော ၁၀ စင်းလောက်နဲ့ ထိုင်းရေတပ်က ရေတွေကို စုပ်ထုတ်ပေးနေတာပါ။

Source Photo from http://www.euronews.net/2011/10/26/bangkok-could-be-flooded-for-weeks-if-dykes-go/
တကယ်လို့ တမံတွေပေါက်ပြီး မြို့ထဲကို ရေတွေဝင်လာရင် တချို့နေရာတွေမှာ တမီတာခွဲလောက်အထိ ရေလွှမ်းသွားနိုင်တယ်လို့ အင်္ဂါနေ့ညက တိုင်းပြည်ကိုပြောတဲ့ မိန့်ခွန်းထဲ ၀န်ကြီးချုပ် ယင်းလပ် ထည့်သွင်း ပြောကြားခဲ့တာပါ။
သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/Thai_Flood_10_26_11-132611878.html
နူရာဝဲစွဲ လဲရာသူခိုးထောင်း တဲ့ အဖြစ်ကလေး နားသောတ,ဆင်တော်မူကြပါ
Source News Audio from http://www.bbcburmese.com
0 comments:
Post a Comment