+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, October 26, 2011

Amy Winehouse သေဆုံးမှု အဖြေထွက်ပြီ

Amy Winehouse
Source Photo from http://ecx.images-amazon.com/images/I/618clCMj8sL._SY470_.jpg

Amy Winehouse သေဆုံးမှု အဖြေထွက်ပြီ
Updated : 27 Oct, 2011

သေမှုသေခင်း စုံစမ်း စစ်ဆေးရေး အရာရှိ၏ ထုတ်ပြန်ချက်အရ နာမည်ကျော် အဆိုရှင် Amy Winehouse မှာ အရက်သေစာကို အလွန်အကျွံ သောက်သုံးမှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြား လိုက်ပြီ ဖြစ်သည်။

သေဆုံးချိန်တွင် အသက် ၂၇ နှစ် ရှိခဲ့ပြီ ဖြစ် သည့် Winehouse မှာ သူမ မသေဆုံးမီ ကာလက အရက်သေစာ မူးယစ် သောက်စားပြီး ယာဉ်မောင်းရန် သတ်မှတ်ထားသည့် ပမာဏထက် ငါးဆ ပိုမို သောက်သုံး ခဲ့သည့်
ရလာဒ်ကို တွေ့ရှိ ခဲ့ကြောင်းနှင့် ယခုလို သေဆုံး ခဲ့ရမှုမှာလည်း အရက် သောက်သုံးခြင်း၏ နောက်ဆက်တွဲ ပင် ဖြစ်ကြောင်း ပြော ကြား လိုက်သည်။

သူမအား လွန်ခဲ့သည့် ဇူလိုင်လ ၂၃ ရက်က လန်ဒန်ရှိ နေအိမ်တွင် သေဆုံးလျက် ရှိသည်ကို တွေ့ရှိခဲ့ရခြင်းပင်
ဖြစ်သည်။

St Pancras မှသေမှုသေခင်း စစ်ဆေးသူ Suzanne Greenway မှပြောရာ၌ စစ်ဆေးခဲ့အပြီးတွင် ယခုလို အရက် အလွန်အကျွံ သောက်သုံးခဲ့မှုက ရုတ်တရက် သေဆုံးစေသည့် ရလာဒ်ကို ဖြစ်စေခဲ့ကြောင်း တရားရုံးတွင် ပြောကြား ခဲ့ခြင်းပင် ဖြစ်သည်။ ယင်းအချိန်က သူမ၏ တိုက်ခန်း တွင် ဗော့ဒ်ကာ အရက်ပုလင်းကြီး နှစ်လုံးနှင့် အသေးတစ်လုံး၏ ပုလင်းခွံများ တွေ့ခဲ့ရကြောင်းလည်း သိရသည်။

ယခု စစ်ဆေးမှုအရ သူမ သေဆုံးချိန်တွင် သွေးပမာဏ ၁၀၀ မီလီလီတာတွင် အရက် ပါဝင်မှု ၄၁၆ မီလီဂရမ်
အထိ ရှိခဲ့ကြောင်းလည်း သိရသည်။ ယခုလို စစ်ဆေးမှု ပြုလုပ်ခဲ့သည့် ရင်ခွဲရုံ အရာရှိမှ ပြောရာ၌ သာမန်
လူတစ်ယောက် အတွက် သွေး ၁၀၀ မီလီလီတာတွင် အရက်ပါဝင်မှု ၃၅၀ မီလီဂရမ်ရှိပါက သေဆုံးနိုင်သည့် ပမာဏပင် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

source : BBC news

Credit http://www.mrtv4.net.mm

0 comments:

Post a Comment