+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, October 26, 2011

နယူးယောက် ရဲအရာရှိများ လက်နက်မှောင်ခိုမှုဖြင့် အဖမ်းခံရ



 နယူးယောက် ရဲအရာရှိများ လက်နက်မှောင်ခိုမှုဖြင့် 

အဖမ်းခံရ  
27 Oct, 2011

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ တာဝန် ထမ်းဆောင်ဆဲ ဖြစ်သည့် ရဲအရာရှိ အချို့ နှင့် ယခင်က တာဝန် ထမ်းဆောင်ခဲ့သူ ရဲအရာရှိ စုစုပေါင်း ၈ ဦးမှာ အင်္ဂါနေ့က အဖမ်းခံလိုက်ရပြီ ဖြစ်ကာ ပြည်နယ် အတွင်းသို့ နောက်တွဲယာဉ်တွင် လက်နက်များ တင်ဆောင်ပြီး မောင်းနှင်ခဲ့ကာ ငွေစက္ကူ ထောင်ပေါင်း များစွာကို ရယူခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ ယခုလို ဖမ်းဆီးမိန့်ကို ဖယ်ဒရယ် တရားရုံးမှ ထုတ်ပြန် ပေးလိုက်ခြင်း ဖြစ်ပြီး ပြည်နယ် အတွင်းရှိ တရားမဝင် လက်နက် ပပျောက်ရေး လုပ်ဆောင်ချက်များကို ပိတ်ပင် စေသည့် ယခုလို လုပ်ရပ်အတွက် လာဘ်စားမှု ဖြင့်လည်း တရားစွဲဆို ခံကြရမည် ဖြစ်သည်။

အဆိုပါ ရဲအရာရှိ များထဲမှ ၅ ဦးမှာ လက်ရှိ တာဝန် ထမ်းဆောင်နေဆဲ ဖြစ်ပြီး သုံးဦးမှာ အငြိမ်းစား ယူထားပြီး ဖြစ်ကြောင်း သိရသည်။ ထို့အပြင် နောက်ထပ် လူ ၄ ဦးမှာလည်း M 16 ရိုင်ဖယ်များနှင့် လက်ကိုင် ပစ္စတိုများအား သယ်ဆောင်မှုဖြင့် စွဲဆိုထားကြောင်းလည်း သိရသည် ၎င်းတို့မှာ ပြည်နယ် နယ်စပ် တစ်လျှောက်တွင် ကုန်ပစ္စည်းများကို ခိုးယူမှုဖြင့်လည်း တရားစွဲဆို လိုက်ကြောင်း မက်ဟန်တန်မြို့ ရှိ ဖယ်ဒရယ် တရားရုံးတွင် ဖြည့်ထားသည့် စွဲဆိုမှု ပုံစံအရ သိရသည်။ အဆိုပါ ရဲတပ်ဖွဲ့ဝင်များမှာ ဘရွတ်ကလင်မြို့ရှိ ရဲဌာနတွင် အလုပ်လုပ်ခဲ့သူများ ဖြစ်ပြီး ၎င်းတို့၏ နေအိမ်များတွင် FBI နှင့် အခြား စုံစမ်း ထောက်လှမ်းရေး အေဂျင်စီများမှ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ခြင်း ပင် ဖြစ်သည်။ ယခု အမှုများအား ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း newyourktimes သတင်းတွင် ဖော်ပြခဲ့သည်။


source : nytimes.com



Credit http://www.mrtv4.net.mm

0 comments:

Post a Comment