+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, October 28, 2011

ကားမောင်းပြိုင်ပွဲဝင်ဘို့ လေ့ကျင့်နေကြတာလား

ကားမောင်းပြိုင်ပွဲဝင်ဘို့

လေ့ကျင့်နေကြတာလား 
28 Oct, 2011

အောက်တိုဘာလ (၂၇)ရက်နေ့က စမ်းချောင်းမြို့နယ် ၊ ပြည်လမ်းနဲ့ ဓမ္မစေတီ လမ်းဆုံ မီးပွိုင့်မှ ယာဉ်(၇)စီးဆင့်ကဲ တိုက်မိပြီး လူ(၁၅)ဦးခန့် ဒဏ်ရာရရှိ စေခဲ့သည့် ယာဉ်မတော်တဆ မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါသည်။

အဆိုပါ ယာဉ်မတော်တဆ မှုဟာ အောက်တိုဘာလ (၂၇)ရက်နေ့ (၁၂)နာရီခွဲ အချိန်ခန့်က ပြည်လမ်းအတိုင်း
တောင်မှမြောက်သို့ မောင်းနှင်လာတဲ့ မ.ထ.သ (၅၁)ယာဉ်လိုင်းမှ ယာဉ်တစ်စီးဟာ ဓမ္မစေတီ လမ်းဆုံ မီးပွိုင့်အရောက်မှာ ၎င်းရှေ့မှ မီးနီရပ်ထားတဲ့ အိမ်စီးစလွန်း အဖြူရောင် ယာဉ်အား နောက်မှ ၀င်ရောက်
တိုက်မိခဲ့ပါသည်။

ဒါ့အပြင် အဲဒီယာဉ်ဟာ ဓမ္မစေတီလမ်း အတိုင်း အရှေ့မှအနောက်သို့ မီးစိမ်းလို့မောင်းနှင်လာတဲ့
ဆူဇူကီးဝက်ဂွန် ကိုယ်ပိုင် ယာဉ်အား ထပ်မံတိုက်မိပြီး အရှိန်မထိန်းနိုင်ပဲ တစ်ဖက် ယာဉ်ကြောသို့
ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ မီးနီမှာရပ်ထားတဲ့ ဟွန်ဒိုင်းဘတ်စ် အဖြူရောင် (ဟိုတယ်ခရီးသွား)ပိုင်
မော်တော်ယာဉ် ၊ ဆူဇူကီး ၀က်ဂွန် အနက်ရောင် ကိုယ်ပိုင်ယာဉ် ၊ (၂၃၁)ခရီးသည်တင် ယာဉ်နဲ့ ကိုယ်ပိုင်ယာဉ် တစ်စီးတို့အား ထပ်မံတိုက်မိ ခဲ့တယ်လို့ သိရပါသည်။

အဆိုပါ ယာဉ်မတော်တဆ မှုကြောင့် ယာဉ်များ ပျက်စီးပြီး ဆူဇူကီး ၀က်ဂွန် အနက်ရောင် ကိုယ်ပိုင်ယာဉ်မှ ယာဉ်မောင်းနဲ့ ယာဉ်ပေါ်မှာ လိုက်ပါလာသူ အမျိုးသမီး တစ်ဦး ၊ ဟိုတယ် ခရီးသွား ယာဉ်ပေါ်တွင် ပါလာသည့် ယာဉ်မောင်း ၊ ဧည့်လမ်းညွှန်နဲ့ ကမ္ဘာလှည့် ခရီးသည်(၉)ဦး ၊ (၅၁)ယာဉ်ပေါ်တွင် လိုက်ပါလာသ နှစ်ဦးတို့မှာ ဒဏ်ရာများ အသီးသီး ရရှိပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ကုသ ခဲ့ရတယ်လို့ သိရပါသည်။

အဆိုပါ ယာဉ်မတော်တဆ အတွက် (၅၁)ခရီးသည် တင်ယာဉ်မှ ယာဉ်မောင်းကို စမ်းချောင်း မြို့နယ် ရဲစခန်းမှ အရေးယူ ဆောင်ရွက် ထားတယ်လို့ သိရပါသည်။

Source Photo from http://www.news-eleven.com

Credit http://www.mrtv4.net.mm/news

0 comments:

Post a Comment