+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, October 27, 2011

နှစ်ပေါင်း (၂၀၀၀)ခန့်က ဖြစ်ပွားခဲ့သည့် ကြယ်ပေါက်ကွဲမှုနှင့် ပတ်သက်သည့် ပဟေဠိကို ဖြေရှင်းနိုင်ခဲ့

 
Source Photo from http://planetfacts.org/supernova/

နှစ်ပေါင်း (၂၀၀၀)ခန့်က ဖြစ်ပွားခဲ့သည့် 

ကြယ်ပေါက်ကွဲမှုနှင့် ပတ်သက်သည့် 

ပဟေဠိကို ဖြေရှင်းနိုင်ခဲ့ 

28 Oct, 2011

ပထမဆုံး အကြိမ်အဖြစ် မှတ်တမ်း တင်ထားနိုင်ခဲ့တဲ့ စူပါနိုဗာ ကြယ်ဟာ အရွယ်အစား ဘာကြောင့် အလွန် ကြီးမား ပြီး မြန်မြန်ဆန်ဆန် ကြီးထွားနေရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး နတ္တဗေဒ ပညာရှင်များဟာ ရာစုနှစ်ပေါင်း များစွာ ပဟေဠိ ဖြစ်နေကြပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ အမေရိကန် သုတေသီတွေက အဲ့ဒီ ပဟေဠိကို ဖြေရှင်းပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဲ့ဒီ စူပါ နိုဗာ ကြယ်ကို အေဒီ (၁၈၅)က တရုတ် နက္ခတ္တဗေဒ ပညာရှင်တွေက တွေ့ရှိခဲ့တာ ဖြစ်ပြီး အဆိုပါ ကြယ်ကို အာကာသ အတွင်းမှာ (၈)လတိုင်တိုင် တွေ့မြင်နိုင်ခဲ့တယ်လို့ သိရပါ တယ်။ နောက်ပိုင်းမှာတော့ ကမ္ဘာမှ အလင်းနှစ် (ရှစ်ထောင်) အကွာအဝေးမှာ တည်ရှိတဲ့ အဲ့ဒီကြယ်ကို ယခင် မျှော်လင့်ထားတဲ့ အရွယ်အစားထက် ပိုမို ကြီးမားနေတာကို သုတေသီများက တွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီကြယ်ဟာ အနီအောက် ရောင်ခြည်သာ ထုတ်လွှတ်ခဲ့မယ်ဆိုရင် လပြည့်နေ့ည လရဲ့အရွယ် အစားအတိုင်း ကမ္ဘာမြေကနေ သာမန် မျက်လုံးနဲ့ပင် မြ င်တွေ့နိုင်မှာ ဖြစ်ပါတယ်။ အာကာသကြည့် မှန်ပြောင်းများမှ တဆင့် လေ့လာ တွေ့ရှိချက်တွေအရ ကြယ်ပေါက်ကွဲမှုဟာ အာကာသ အခေါင်းပေါက် တစ်ခု အတွင်းမှ ဖြစ်ပွားခဲ့ကြောင်းနဲ့ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ကျန်ရှိနေတဲ့ အစိတ်အပိုင်းတွေဟာ လျင်မြန်တဲ့ အရှိန်နဲ့ အဝေးကို ရွေ့လျား စေတယ်လို့ သိရပါတယ်။ အခု တွေ့ရှိမှုကို အွန်လိုင်းပေါ်က Astrophysical ဂျာနယ်မှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ရေးသား ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

Tags : science_and_tech

Credit http://www.mrtv4.net.mm

0 comments:

Post a Comment