+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, October 21, 2011

ခရီးသည် တစ်သောင်းအား ဂျပန်တို့ လေယာဉ် လက်မှတ်များ အခမဲ့ပေးမည်

Hiroshi Mizohata Commissioner of Japan Tourism Agency
Source Photo from http://www.fccj.or.jp/node/6547

ခရီးသည် တစ်သောင်းအား ဂျပန်တို့

လေယာဉ် လက်မှတ်များ အခမဲ့ပေးမည်

Updated : 22 Oct, 2011

ဂျပန်နိုင်ငံ ခရီးသွားလာရေး အေဂျင်စီမှာ မကြာမီအချိန် အတွင်း နိုင်ငံအတွင်းသို့ လာရောက် လည်ပတ် သူများအား အသွားအပြန် လက်မှတ်ပေါင်း တစ်သောင်းကို အခမဲ့ ပေးဝေသွားမည် ဖြစ်ကာ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး လုပ်ဆောင်ချက် အသစ်တစ်ရပ် ကို ပြုလုပ်တော့မည် ဖြစ်သည်။ အဆိုပါ အစီအစဉ်ကို လာမည့် နှစ်တွင် စတင်ရန် စီစဉ်ထားပြီး မိမိတို့၏ ခရီးသွား အတွေ့အကြုံများကို အွန်လိုင်းတွင် ရေးသားစေကာ အရေးအသားပေါ် မူတည်ပြီး ရွေးချယ် ခံရသူအား အခမဲ့ လက်မှတ်များ ထုတ်ပေးမည် ဖြစ်သည်။

အလားတူပင် ယင်းသို့ ရွေးချယ်ခံရသူမှာ ဆူနာမီ ဖြစ်ပြီးနောက်ပိုင်း ဂျပန်နိုင်ငံသို့ အလည်အပတ် လာရောက်သည့် ခံစားချက် များကို ဖြေဆိုရမည် ဖြစ်ပြီး နိုင်ငံ၏ ခရီးသွား လုပ်ငန်းကို ပြန်လည် ဆန်းသစ်စေမည့် အကြံညာဏ်ကောင်း များ ကိုလည်း ပေးစေ မည် ဖြစ်ကြောင်း သိရသည်။

ဂျပန် ခရီးသွား အေဂျင်စီအကြီးအကဲဖြစ်သူ Hiroshi Mizohata မှ သတင်းသမားများ သို့ ပြော ရာ၌ နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များမှာ မိတ်ဆွေများနှင့် ခင်မင်သူများမှ ကောင်းမွန်သည့် သတင်း ပေးစကားများ ရရှိပြီးနောက် ဂျပန်နိုင်ငံသို့ လာရောက်ရန် ဆုံးဖြတ်လေ့ ရှိကြောင်းနှင့် ယခုလို အခမဲ့ လက်မှတ်များ ပေးခြင်းဖြင့် လှုံ့ဆော် ပွဲပြုလုပ်ပြီး အေဂျင်စီ ၏ နိုင်ငံခြားသား ခရီးသွား ဆွဲဆောင်ရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ပြောကြား သွားခဲ့သည်။

ဂျပန်အမျိုးသား ခရီးသွား လုပ်ငန်းအဖွဲ့၏ အပြောအရ လွန်ခဲ့သည့် စက်တင်ဘာလက ဂျပန်နိုင်ငံသို့ နိုင်ငံခြား ခရီးသည် ၅၃၉၀၀၀ ခန့်လာရောက် ခဲ့ကြောင်း သိရသည်။


source : NHK news

Credit http://www.mrtv4.net.mm

0 comments:

Post a Comment