
Rupert murdoch latest party stills
Source Photo from http://www.a2zpictures.com/photos/rupert-murdoch
News Corp ဘုတ်အဖွဲ့ဝင်အဖြစ် Rupert Murdoch
ပြန်လည် ခန့်အပ်ခံရ22 Oct, 2011
လွန်ခဲ့သည့် သောကြာနေ့က ပြုလုပ် ခဲ့သည့် News Corp သတင်းလုပ်ငန်း၏ ဘုတ်အဖွဲ့ လူကြီး ရာထူး နေရာအား Rupert Murdoch နှင့် ၎င်း၏ သားများ ဖြစ်သည့် Lachlan နှင့် James တို့မှာ ရှယ်ယာရှင်များ၏ မဲပေးမှုဖြင့် ပြန် လည် ရွေးကောက် ခံခဲ့ရကြောင်း သိရသည်။ အဆိုပါ ရွေးချယ်မှု ကို လော့စ်အိန်ဂျယ်လိ မြို့တွင် ကျင်းပသည့် နှစ်စဉ် ဆွေးနွေးပွဲတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ အားလုံးနှင့် အခြားသော ကျန်ရှိသူများမှာ News Corp ၏ ဘုတ်အဖွဲ့ဝင် လူကြီးများ အဖြစ် ပြန်လည် ရွေးချယ် ခံခဲ့ရခြင်းပင် ဖြစ်သည်။

Rupert murdoch son Lachlan Murdoch wallpapers
Source Photo from http://www.a2zpictures.com/photos/rupert-murdoch
ယခုလို ရွေးချယ်ခံရမှုနှင့် ပတ်သက်ပြီး မဲအရေအတွက် မည်မျှနှင့် ရရှိခဲ့သည်ကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း ရလာဒ်များကို လာမည့် အပတ်တွင် SEC ၌ ဖော်ပြသွားမည် ဖြစ်ကြောင်း ၎င်းတို့မှ ထုတ်ပြန် ပြောကြား ခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အခြားသော ပြင်ပမှ ရှယ်ယာရှင်များမှာ Murdoch ကို ထုတ်ပစ်ရေး အတွက် ပွင့်ပွင့် လင်းလင်း ဆန့်ကျင် ပြောကြား မှုများ ပြုလုပ် ခဲ့သော်လည်း ယခုလို မဲအနိုင်ဖြင့် ဆက်လက်ပြီး ဘုတ်အဖွဲ့ဝင် အဖြစ် ဆောင်ရွက် သွားတော့ မည် ဖြစ်သည်။

Rupert murdoch son James Murdoch party photos
Source Photo from http://www.a2zpictures.com/photos/rupert-murdoch
Murdoch ၏ မိသားစုမှာ ရှယ်ယာ စုစုပေါင်း ၄၀ ရာနှုန်းကို ပိုင်ဆိုင်ထားပြီး အခြားသော ၇ရာနှုန်း မှာလည်း ၎င်းနှင့် ပလဲနံပသင့်သည့် မိတ်ဆွေမှ ပိုင်ဆိုင် ထားခြင်း ဖြစ်သည်။ ၎င်းတို့၏ မိသားစုအား ဘုတ်အဖွဲ့မှ ထုတ်ပယ်ရန် အတွက် ကျန်ရှိသည့် ရှယ်ယာရှင် အားလုံးမှာ ၎င်းတို့ကို ဆန့်ကျင်ပြီး မဲပေးမှသာ ရရှိမည် ဖြစ်သဖြင့် ခက်ခဲသည့် အခြေအနေ တစ်ရပ် ဖြစ်ကြောင်းလည်း သိရသည်။
source : Los Angeles Times
Broadcasted : 22 Oct, 2011
Credit http://www.mrtv4.net.mm
0 comments:
Post a Comment