+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, March 9, 2012

မိခင်တစ်ယောက်ရဲ့ သမီးအတွက်ကြီးမားလှတဲ့ မေတ္တာတရား

Singer Whitney Houston
Source Photo from http://www.google.com/images

Houston ၏ သေဆုံးမှုမှာ

မတော်တဆဖြစ်ရပ်သာဖြစ်ဟုကြေငြာပြီ


Wed, 02/29/2012

ဂရမ်မီ ဆုပေးပွဲ မတိုင်မီ တစ်ရက် အလိုက ဟောလီးဝုဒ် ဟိုတယ် ရေချိုးကန် အတွင်း သေဆုံးခဲ့ ရသည့်
အဆိုရှင်Whitney Houston၏ သေဆုံးမှုနှင့် ပတ်သက်ပြီး မတော်တဆ ဖြစ်ရပ်တစ်ခု အဖြစ်တရားဝင်
ကြေငြာတော့မည်ဖြစ်သည်ဟု E! News သတင်းတွင်ဖော်ပြခဲ့သည်။

ဆုံးဖြတ်ချက်မှာ သူမ၏ မိသားစု တင်ကြိုမျှော်လင့်ထားသည့် အချက်လည်း ဖြစ်ပြီး သူမသေဆုံးခဲ့သည့်
ဖေဖော်ဝါရီလ၁၁ ရက်နေ့က တာဝန်ရှိသူများမှ ထုတ်ပြန်ရန်ရွှေ့ဆိုင်းခဲ့မှုမှာလည်း ယခုအဖြေထွက်တော့
မည် ဖြစ်သည်။

ယခုလို အဖြေကို ရရှိရန် အတွက် တာဝန်ရှိ သူများမှာ စစ်ဆေးမှု မှတ်ချက်ကို စောင့်မျှော် နေကြခြင်း ဖြစ်ကာ
သတင်းပေးတစ်ဦးမှ E! News သို့ပြောရာတွင် သူမ၏ ခန္ဓာကိုယ်တွင် သံသယဖြစ်ဖွယ်ရာ ဖြစ်ရပ်များလည်း
မတွေ့ခဲ့ရကြောင်းပြောကြားသွားခဲ့သည်။

source :E! News


Singer Whitney Houston and daughter Bobbi
Source Photo from http://abcnews.go.com

Whitney Houston ၏ အမွေပစ္စည်းများ

သမီးဖြစ်သူသို့ အလုံးစုံပေးအပ်ခဲ့

Thu, 03/08/2012

သေဆုံး သွားခဲ့ပြီး ဖြစ်သည့် ဂန္တဝင် တေးဆိုရှင် Whitney Houston ၏ သမီးငယ် ဖြစ်သူ အသက် ၁၉ နှစ်
အရွယ်Bobbi Kristina Brown မှာ သူမမိခင်ပိုင်ဆိုင်ထားသည့် အမွေဥစ္စာအားလုံးကို အမွေရရှိသွားခဲ့ပြီ
ဖြစ်သည်။

ယခုလို Houston ၏ ဆန္ဒကို ဗုဒ္ဓဟူးနေ့ကပေါ်ထွက်လာခဲ့ခြင်းဖြစ်ကာ အဆိုပါ ပစ္စည်းပိုင်ဆိုင်ခွင့်များတွင်
မည်၍မည်မျှဟု ကန့်သတ်ထားခဲ့ခြင်း မရှိကြောင်းလည်းဖော်ပြခဲ့သည်။

ယင်းသို့ မဖော်ပြ ထားသဖြင့် သူမ၏ပိုင်ဆိုင်ပစ္စည်းများအားလုံး၊ အဝတ်အထည်များအားလုံး၊ လက်ဝတ်ရတနာ
များအားလုံးနှင့် မော်တော်ကားများကို ကျန်ရှိသည့် တစ်ဦးထဲသော သမီးဖြစ်သူအား ပေးစေရန်ဆန္ဒပြုခဲ့ကြောင်း
သိရသည်။

ယခုလို ဆန္ဒပြုမှုကို လွန်ခဲ့သည့် ၁၉၉၃ ခုနှစ်က Bobbi Kristina Brown ကို
မမွေးဖွားမီအတွင်း ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

ယခုလိုဆုံးဖြတ်ချက်နှင့်အတူ Houston ၏ ငွေကြေးများကို Bobbi Kristina Brown အသက်၂၁နှစ်ပြည့်သည့်
အချိန်တွင် လက်ခံရရှိမည်ဖြစ်ပြီး ၂၅ နှစ်အရွယ်တွင် နောက်ထပ်အပိုဆောင်းငွေကြေးများကို လက်ခံ ရရှိမည်
ဖြစ်ကာအသက် ၃၀တွင် ကျန်ရှိသည့်ပိုင်ဆိုင်မှုများကို ရရှိမည်လည်းဖြစ်ကြောင်း AP သတင်းတွင်ဖော်ပြခဲ့
သည်။

source : AP
Copy from http://www.mrtv4.net.mm

0 comments:

Post a Comment