+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, March 11, 2012

US Soldier 'Assassinated' 16 Afghans

I cannot explain the motivation behind such callous acts,
but they were in no way part of authorized Isak military activity.

Lt Gen Adrian Bradshaw, Isaf Deputy Commander

Source Photo from http://www.google.com/images

တနင်္ဂနွေ, 11 မတ် 2012

အမေရိကန် စစ်သားလက်ချက်ကြောင့် အာဖဂန် အရပ်သား ၁၅ ဦး သေဆုံး

By ဗွီအိုအေ (မြန်မာဌာန)

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း Kandahar ပြည်နယ်အတွင်းမှာရှိတဲ့ စစ်အခြေစိုက်စခန်းတစ်ခုက အမေရိကန် စစ်သားတစ်ယောက် အပြင်ထွက်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သား ၁၅ ယောက် သေဆုံးသွားတယ်
လို့ အာဖဂန်အရာရှိတွေနဲ့ မျက်မြင် သက်သေတွေက ပြောပါတယ်။

အဲဒီ စစ်သားဟာ တနင်္ဂနွေနေ့မနက် အစောပိုင်းမှာ စခန်းထဲကထွက်သွားပြီး Panjwayi ခရိုင်အတွင်းက အိမ်အ
တော်များများကို ပစ်ခတ်ခဲ့တာလို့ သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ အဲဒီ ပစ်ခတ်ခဲ့တဲ့ စစ်သားကို ဖမ်း
ဆီးထိန်းသိမ်းထားလိုက်ပြီး အခင်းဖြစ်ပွားမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ နေတိုးတပ်ဖွဲ့
က ပြောပါတယ်။

အခုလို ဖြစ်သွားခဲ့တဲ့အပေါ် အင်မတန် စိတ်မကောင်း၊ အံ့အားသင့်ရတဲ့အကြောင်း နေတိုး နိုင်ငံတကာ လုံခြုံ
ရေးတပ်ဖွဲ့တွေရဲ့ ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Adrian Bradshaw က ပြောပါတယ်။

အခုလိုအပြစ်မဲ့ကျေးရွာသားတွေ သေကြေ၊ ဒဏ်ရာရလောက်အောင် ဖြစ်စေခဲ့တဲ့ ဒီ ရက်စက်ကြမ်းကြုတ်တဲ့လုပ်
ရပ်ကို အဲဒီစစ်သားက ဘာကြောင့် လုပ်ခဲ့တယ်ဆိုတာ သူ့အနေနဲ့ ရှင်းမတတ်အောင် ဖြစ်မိကြောင်း ဒီကနေ့ထုတ်
ပြန်တဲ့ ကြေညာချက်ထဲမှာ Bradshaw က ဖော်ပြထားပါတယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်မဟုတ်ကြောင်း သူကပြောပါတယ်။

ဒီပစ်ခတ်မှုမှာ တာဝန်ရှိသူကို ဥပဒေအရ အရေးယူသွားမယ်လို့လည်း အာဖဂန်မှာရှိတဲ့ အမေရိကန်သံရုံး
က ကြေငြာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ အာဖဂန်မှာရှိတဲ့ အမေရိကန်တပ်စခန်း တစ်ခုအတွင်း
ကိုရမ်ကျမ်းစာအုပ်ကို အမေရိကန်စစ်သားတွေက မီးရှို့ ဖျက်ဆီးလိုက်တဲ့အတွက် အမေရိကန်နဲ့ အာဖဂန်
အကြား ဆက်ဆံရေးတွေ တင်းမာနေတဲ့အချိန်မှာ အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/Afghanistan-US-03-11-12-142242335.html

0 comments:

Post a Comment