+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, April 5, 2012

ပိတ်ဆို့မှုမရုပ်လျင် ပေါင်းစည်းမှုအလားအလာမကောင်း

ဓာတ်ပုံ ASSOCIATED PRESS
 မြန်မာ သမ္မတ ဦးသိန်းစိန်အား ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့ မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး၌ တွေ့ရပုံ 
(ဧပြီလ ၄ ရက် ၂၀၁၂ ) 

မြန်မာ စစ်အစိုးရ အဆက်ဆက်က လူ့အခွင့်အရေး ချိုးဖောက်မှု တွေကြောင့် မို့လို့ အနောက်နိုင်ငံတွေက
စီးပွားရေး၊ ဘဏ္ဍာရေး နဲ့ ပြည်ဝင်ခွင့်တွေကို ပိတ်ဆို့ထားတွေ လျှော့ပေါ့ ပေးမယ် ဆိုရင် မြန်မာနိုင်ငံ မှာ အမျိုးသား ပြန်လည်ပေါင်းစည်းမှု အတွက် အလားအလာကောင်းတွေ ဖြစ်ပါတယ် လို့ သမ္မတ ဦးသိန်းစိန် က ပြောဆိုခဲ့ပါတယ်။ 

ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့ မှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး ညီလာခံအတွင်း မြန်မာအပေါ် ပိတ်ဆို့
မှုတွေ ချက်ခြင်း ရုပ်သိမ်းပေးဖို့ အာဆီယံ ခေါင်းဆောင်တွေ က တောင်းဆိုလိုက်ပြီး တဲ့နောက် သမ္မတဦးသိန်း
စိန်က အခုလို တုန့်ပြန်လိုက်တာပါ။

 “နောက်ကျတဲ့ အကြောင်းအရင်း ကလည်း မြန်မာ နိုင်ငံပေါ်မှာ တားဆီးရေး ပိတ်ဆို့မှု တွေ နှစ်ပေါင်း ၂၀ ကျော်
 လောက် ရှိနေတဲ့ အတွက်ကြောင့် ကျနော်တို့ ရဲ့ စီးပွားရေးဟာ တိုးတက် သင့်သလောက် မတိုးတက်ပါဘူး။ 
အခုတော့ တားဆီးမှုတွေ ဖြေလျှော့သွား မယ်ဆိုရင်တော့ ဘာဘဲ ဖြစ်ဖြစ် ကျနော်တို့ ဒါဟာ ပေါင်းစည်း နိုင်ဖို့အ
တွက် အလားအလာကောင်းတွေ ကျနော်တို့ ရလာမှာ ဖြစ်ပါတယ်။” 

ပိတ်ဆို့မှုတွေကို လျှော့ပေးတဲ့အတွက် ကျေးဇူးတင်လိုက်တာဗျာလို့ ပြောလိုက်ပါလား သမ္မတကြီး ဦးသိန်းစိန်
ခင်ဗျား။

အခုတော့ ကိုယ်အာဏာရူးခဲ့လို့ မဟာလူမျိုးကြီးဝါဒကို ကျင့်သုံးပြီး တတိုင်းပြည်လုံး ဗမာဖြစ်ရေးဆိုတဲ့ စီမံ
ကိန်းကြီးကို မိုက်မိုက်ကန်းကန်းအကောင်အထည်ဖေါ်ခဲ့လို့ စစ်ပွဲတွေဖြစ်နေရတဲ့အပြင် တိုင်းပြည်သယံဇာ
တတွေကို ကိုယ့်ကိုယ်ပိုင်ပစ္စည်းလို သဘောထားပြီး တိုင်းရင်းသားတွေရဲ့ဘ၀နဲ့ တတိုင်းပြည်လုံး စုတ်ပြတ်
သတ်အောင်လုပ်ခဲ့လို့ ဖြစ်ရတာကို တလုံးမျှမပြောပဲ ထမင်းရည်ပူလျှာလွှဲ လုပ်နေတာ သိပ်မဟုတ်တော့ဘူး
ထင်တာပဲ။

ပိတ်ဆို့မှုတွေလျော့လျင် ပေါင်းစည်းနိုင်ဘို့ အလားအလာကောင်းတယ်ဆိုတော့ ငါ့ကိုအဲဒါပေးလျင် မင်းတို့နဲ့က
စားမယ် မပေးလျင် မကစားဘူးဆိုတဲ့ ကလေးဗိုလ် ဆန်နေတာကဖြင့် ဗမာသိက္ခာကျလိုက်ပါဘိတော့တယ်
သမ္မတကြီး ဦးသိန်းစိန်ရယ်။

သွပ်... သွပ်... သွပ်...။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

မှတ်ချက် 
အနီရောင် စာလုံးများသည် ဗွီအိုအေ သတင်းဌာနမှ ကူးယှူထားခြင်း ဖြစ်ပါသည်။

0 comments:

Post a Comment