+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, April 7, 2012

Email များကို ခိုးဖတ်ခဲ့ကြောင်း Sky News ဝန်ခံ

Head of Sky News John Ryley 
Photo: SKY NEWS
Emailများကို ခိုးဖတ်ခဲ့ကြောင်း Sky Newsဝန်ခံ

 Friday 6th April 2012

 ဗြိတိန်ရှိ မီဒီယာ လုပ်ငန်းရှင်ကြီး Rupert Murdoch ပိုင်ဆိုင်သော ရုပ်သံလိုင်း တစ်ခုဖြစ်သည့် Sky News မှာ ၎င်းတို့ လုပ်ငန်း အတွင်းတွင် အီးမေးလ်များကို ဟက်လုပ်သူ ဂျာနယ်လစ် တစ်ဦး သီးသန့်
ခန့် ထားကာ ပြည်သူများ၏ အကျိုးစီးပွား အတွက်ဟူသော အကြောင်းပြချက်ကို သုံးပြီး အခြားသူများ
၏ အီးမေးများကို ဟက်လုပ်စေခဲ့ကြောင်း အဆင့်မြင့် အမှုဆောင် တစ်ဦးမှ ကြာသပတေး နေ့က ထုတ်ဖော် ပြောကြားလိုက်ပြီ ဖြစ်သည်။

Sky News မှ အကြီးအကဲ ဖြစ်သူ John Ryley မှ ပြောရာတွင် အဆိုပါ ဂျာနယ်လစ်မှာ မိမိကိုယ် ကို သေဆုံးသွားပြီဟု စွပ်စွဲ ခံခဲ့ရသော John Darwin ခေါ် canoe man ဟု အမည်ရသူ၏ အီးမေး
များကို ဟက်လုပ်စေခဲ့သည်ဟု ပြောခဲ့သည် နောက်ထပ် တစ်ခုအဖြစ် ကလေးငယ်များကို လိင်ပိုင်း
ဆိုင် ရာ စော်ကားမှု ကျူးလွန်ရန် ကြိုးစားသူဟု သံသယ ရှိသူနှင့် ၎င်း၏ ဇနီးသည်တို့၏ အီးမေးကိုလည်း ခိုးဝင် ကြည့် ရှု့ခဲ့ကြောင်း ပြောခဲ့သည်။

Murdoch ၏ သားဖြစ်သူ James မှာလည်း လွန်ခဲ့သည့် အင်္ဂါနေ့က Sky News ၏ မိခင် ကုမ္ပဏီ
 ဖြစ်သော BSkyB ၏ အကြီးအကဲ နေရာမှ နုတ်ထွက်ခဲ့ကြောင်းလည်း သိရသည်။

 source : Guardian

 Copy from http://www.mrtv4.net.mm

John Darwin faked his own death so that his wife could claim thousands of pounds from insurance policies (PA/Cleveland Police) 
Read more: 
http://www.shropshirestar.com/uk/uk-news/2012/04/05/sky-news-allowed-darwin-emails-hack/#ixzz1rPd8V5a0

0 comments:

Post a Comment