+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, April 10, 2012

၉/၁၁ တိုက်ခိုက်မှု စီစဉ်ညွှန်ကြားသူတွေကို ရုံးတင် စစ်ဆေးတော့မည်

လူပေါင်း သုံးထောင်ကျော် အသက်ဆုံးရှုံးရတဲ့ လုပ်ကြံမှုကြီး အင်္ဂါ, 10 ဧပြီ 2012 

၉/၁၁ တိုက်ခိုက်မှု စီစဉ်ညွှန်ကြားသူတွေကို 

ရုံးတင် စစ်ဆေးတော့မည်

By ဗွီအိုအေ (မြန်မာဌာန)

 ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာ အကြမ်းဖက် တိုက်ခိုက်လို့ လူပေါင်း သုံးထောင်ကျော် အသက်ဆုံးရှုံးရတဲ့ လုပ်ကြံမှုကြီးကို စီစဉ်ညွှန်ကြားခဲ့တယ်လို့ စွပ်စွဲခံရသူ ၅ ဦးကို အမေရိကန် ပိုင် Guantanamo ပင်လယ်အော် အခြေစိုက်စခန်းမှာ စစ်ခုံရုံးတရားသူကြီး က စတင်စစ်ဆေးဖို့ မေလ ၅ ရက်နေ့ကို သတ်မှတ်လိုက်ပါတယ်။

ကိုယ်တိုင် ထုတ်ဖော် ကြေညာသူ Khalid Sheikh Mohammed 

စစ်တရားသူကြီး James Pohl က စက်တင်ဘာ ၁၁ အကြမ်းဖက်မှု လုပ်ကြံမှုကို အကွက်ချ စီစဉ်ညွန်ကြားတယ်လို့ ယူဆရသူ Al-Qaida စစ်သွေးကြွအဖွဲ့ဝင် ၅ ဦးကို ထူးထူးခြားခြား စနေနေ့မှာ စတင် စစ်ဆေးဖို့ စီစဉ်ခဲ့တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပဉ္စဂံဌာနက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

ကိုယ်တိုင် ထုတ်ဖော် ကြေညာသူ Khalid Sheikh Mohammed 

ဒီ ၅ ဦးမှာ စက်တင်ဘာ ၁၁ အကြမ်းဖက်မှုကို ကိုယ်တိုင် ကြံစည်လုပ်ဆောင်ခဲ့တယ်လို့ ကိုယ်တိုင် ထုတ်ဖော် ကြေညာသူ Khalid Sheikh Mohammed နဲ့ ကြံရာပါ ၄ ဦးတို့ ပါဝင်ပါတယ်။ သူတို့ကို အကြမ်းဖက်၊ လေယာဉ်အပိုင်စီး မှု၊ ပူးပေါင်းကြံစည်မှု၊ လူသတ်မှုတွေနဲ့ တရားစွဲဆိုမှာ ဖြစ်ပါတယ်။ အပြစ်ရှိတယ်လို့ တွေ့ရှိရရင် သေဒဏ် ကျခံကြရမှာဖြစ်ပါတယ်။

သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ် http://www.voanews.com/burmese/news/--04_10_12_my-news-international----146911535.html

0 comments:

Post a Comment