+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, April 10, 2012

ထိုင်းနိုင်ငံမှ မီးလောင်မှုကြောင့် ကမ္ဘာလှည့် ခရီးသည်တစ်ဦး သေဆုံးခဲ့

Frenchman killed in Khao San fire 
Source image from http://news.asiaone.com

ထိုင်းနိုင်ငံမှ မီးလောင်မှုကြောင့် ကမ္ဘာလှည့် 

ခရီးသည်တစ်ဦး သေဆုံးခဲ့

Tuesday 10th April 2012

ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်တွေ အကြိုက်တွေ့တဲ့နေရာတစ်ခုဖြစ်တဲ့ Khaosan ဒေသရှိ စီးပွား
ရေးလုပ်ငန်းသုံး ၃ထပ် အဆောက်အဦတစ်ခုမှာ မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 အဆိုပါ မီးလောင်မှုဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် ပြင်သစ်နိုင်ငံ
သား ကမ္ဘာလှည့်ခရီးသည် တစ်ဦးသေဆုံးခဲ့ပါတယ်။

အဆိုပါ မီးလောင်မှုဟာ အဆောက်အဦရဲ့မြေညီထပ်ရှိ စားသောက်ဆိုင်ကနေ စတင်လောင်ကျွမ်းခဲ့
တာဖြစ်ပြီး ဧည့်သည်တွေ တည်းခိုရာ အပေါ်ထပ်တွေကို ကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ မီးကို မီးသတ်သမားတွေက အချိန်နာရီဝက်အတွင်း ငြှိမ်းသတ်နိုင်ခဲ့ပေမယ့် ဘေးအနီးနားက အဆောက်အဦနှစ်ခုနဲ့ ဆိုင်ကယ်တစ်စီးကို မီးသင့်ခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ အဆိုပါအဆောက်အဦမှာ ရှိနေတဲ့ ဧည့်သည် ငါးဦးအနက် ပြင်သစ်နိုင်ငံသား တစ်ဦးသာ သေဆုံးခဲ့ကြောင်း၊ အဆောက်အဦပိုင်ရှင်ကို စစ်ဆေးမေးမြန်းလျက် ရှိကြောင်း သိရပါ
တယ်။

Reference : Asia vision.com

Copy from http://www.mrtv4.net.mm/news

0 comments:

Post a Comment