+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, April 10, 2012

ဟေမ၀န်ဈေး ၂ နာရီ နီးပါးကြာ မီးလောင်ကျွမ်း


တောင်ဥက္ကလာပ ဟေမ၀န်ဈေး ၂ နာရီ နီးပါးကြာ 

မီးလောင်ကျွမ်းခဲ့ 

Tuesday 10th April 2012

 ဧပြီလ ၁၀ ရက်နေ့ နံနက် ၁ နာရီ ၂၀ မိနစ် အချိန်က တောင်ဥက္ကလာပ မြို့နယ် ၁၀ ရပ်ကွက် ရှိ ဟေမ၀န် ဈေးမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဟေမ၀န်ဈေး
မှာရှိတဲ့ ဆိုင်ခန်းပေါင်း ၈၉၃ ခန်း လောင်ကျွမ်း ခဲ့ပါတယ်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ ဈေးအတွင်းကို မီးသတ် ယာဉ်တွေဝင်ရောက်ဖို့ အခက်အခဲရှိတဲ့အတွက် မီးငြှိမ်းသတ်ရာမှာ မီးသတ်ရေပိုက်တွေကို အပြင်ကားလမ်းမကနေ တစ်ဆင့်သွယ်တန်းပြီး ခက်ခက်
ခဲခဲနဲ့ ငြှိမ်းသတ် ခဲ့ရပါတယ်။
အဲ့ဒီလို ငြှိမ်းသတ်ရာမှာ အနီးအနားမှာ ၀န်းကျင်ရှိ ရပ်ကွက်သူ၊ ရပ်ကွက်သား တွေပါ ၀ိုင်းဝန်း ငြှိမ်း
သတ်ခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီ ဟေမ၀န် ဈေးဟာ ဈေးရုံ ၂၂ ရုံမှာ ဆိုင်ခန်းပေါင်း ၁၉၅၀ ရှိတာဖြစ်ပြီး အခုလို မီးလောင်ကျွမ်း မှုကြောင့် အဆိုပါ ဈေးရုံ ၂၂ ရုံအနက် ဈေးရုံ ၃ ရုံရှိ ဆိုင်ခန်းပေါင်း ၈၉၃ ခန်း လောင်ကျွမ်းခံခဲ့ရတာ
ဖြစ်ပါတယ်။

အဆိုပါ ဆိုင်ခန်း တွေဟာ ရွှေဆိုင်၊ အ၀တ်အထည်ဆိုင်နဲ့ ကုန်ခြောက် ဆိုင်တွေ မီးလောင် ဆုံးရှုံးခဲ့ရ တာ ဖြစ်ပါတယ်။ ဒီလို မီးလောင်ကျွမ်း မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ ပစ္စည်းတန်ဖိုးကျပ် ၃၉၃ သိန်း၊ ဆိုင်ခန်း တန်ဖိုး ကျပ်သိန်း ၂၂၀ ၊ စုစုပေါင်း ကျပ် ၆၁၃ သိန်းဖိုး ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

 ဒီလို မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်းမှာ မည်သည့်အကြောင်းကြောင့် လောင်ကျွမ်းခြင်း၊ မည်သည့်နေရာ
မှ စတင် လောင်ကျွမ်းသည် ဆိုတာ ကိုတော့ စုံစမ်းဆဲသာ ရှိသေးတယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်ကျွမ်းမှုကို နံနက် ၂ နာရီ ၃၈ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ၂ နာရီ ၅၅ မိနစ်မှာ မီးငြှိမ်းနိုင် ခဲ့ပါတယ်။
 ဒါ့ကြောင့် မီးလောင် ကျွမ်းမှု ကြာချိန်ဟာ ၂ နာရီ နီးပါး ကြာမြင့် ခဲ့ပါတယ်။

အခုလို မီးလောင်ကျွမ်းတဲ့ နေရာ ကိုတော့ မီးသတ်ယာဉ် ၄၃ စီး၊ အုပ်ချုပ်မှုယာဉ် ၈ စီး၊ အထောက်
အကူပြုယာဉ် ၆ စီး၊ မိတ်ဖက်ယာဉ် ၅ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင် ၃၂ ဦး၊ အရံတပ်ဖွဲ့ဝင် ၁၃၂ ဦး၊ကြက်
ခြေနီ တပ်ဖွဲ့ဝင် ၁၀၀ ဦးတို့မှ ၀ိုင်းဝန်း မီးငြှိမ်းသတ်ခဲ့တာ ဖြစ်ပါတယ်။

 Copy from http://www.mrtv4.net.mm

0 comments:

Post a Comment