+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, April 12, 2012

တောင်တရုတ် ပင်လယ် ရေပိုက်နက် တရုတ် နှင့် ဖိလစ်ပိုင် အငြင်းပွား

Philippine Foreign Affairs Secretary Albert del Rosario answers questions from reporters at the Department of Foreign Affairs in Manila, Philippines on Thursday April 12, 2012. Philippine and Chinese diplomats scrambled Thursday to ease tensions and save face amid a tense naval standoff in the disputed South China Sea.
 ဖိလစ်ပိုင် နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး Albert del Rosario 
Source photo from http://www.daylife.com/topic/Philippines

တောင်တရုတ် ပင်လယ် ရေပိုက်နက် တရုတ် နှင့် ဖိလစ်ပိုင် 

အငြင်းပွား 

By ဗွီအိုအေ (မြန်မာပိုင်း ဌာန)
ကြာသပတေး, 12 ဧပြီ 2012

တောင်တရုတ်ပင်လယ်မှာ ရေပိုက်နက် အငြင်းပွားမှု နဲ့ ပတ်သက်ပြီးတော့ ရေတပ်နှစ်တပ် ထိပ်
တိုက် ရင်ဆိုင်တွေ့နေကြတဲ့ကိစ္စမှာ တင်းမာမှုတွေလျော့ပါးသွားအောင် လုပ်ဆောင်တဲ့အနေနဲ့
ဖိလစ်ပိုင်အစိုးရဟာ အဲဒီနေရာကနေ သူတို့ရဲ့အကြီးဆုံး စစ်သင်္ဘောကြီးကို ပြန်ခေါ်ယူလိုက်ပါ
တယ်။

ဖိလစ်ပိုင် နိုင်ငံရဲ့ အနောက်မြောက်ဘက် ၁၄၃ မိုင် အကွာက စကာဘာရို ရှိုး (Scarborough Shoal) မှာ ရောက်နေတဲ့ စစ်သင်္ဘောနေရာမှာ ကမ်းခြေစောင့်တပ်ရဲ့ သင်္ဘောအသေးလေးဘဲ ထားတော့မယ် လို့ နိုင်ငံခြားရေးဝန်ကြီး အယ်ဘတ် ဒဲ ရိုစာရီယို (Albert del Rosario) က ဒီကနေ့ဘဲ ပြောကြားသွား
ခဲ့ပါတယ်။

အမေရိကန်လုပ် ဖိလစ်ပိုင်စစ်သင်္ဘော ဂရက်ကိုရီယို ဒယ်ပီလာ (Gregorio del Pilar) က တရုတ်ငါး
ဖမ်းသမားတွေ ဖမ်းဆီးလို့ မရအောင်လို့ တရုတ်ကင်းထောက်ရေယာဉ်နှစ်စင်းက ပိတ်ဆို့ထားတဲ့
အင်္ဂါနေ့ကတည်းက နှစ်ဘက် ထိပ်တိုက်တွေ့နေကြတာပါ။
 ဒီ ပဋိပက္ခကို သံတမန်ရေးနဲ့ဖြေရှင်းဖို့ နှစ်ဘက်လုံးကလည်း ပြောထားပါတယ်။

ဒါပေမဲ့လည်း တရုတ်က တတိယမြောက်သင်္ဘောကို လွှတ်လိုက်တယ်။ တရုတ်ငါးဖမ်းအဖွဲ့က သင်္ဘော အဲဒီကို လိုက်လာပြီးတော့ တရုတ်ဘက်က ဒီပြဿနာကို ပိုပြီးတော့တင်းမာအောင် လုပ်လိုက်ပုံရတယ်
လို့ ဖိလစ်ပိုင်အရာရှိတွေက ပြောပါတယ်။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ် 
http://www.voanews.com/burmese/news/Philippine_stand_off_with_china-147159225.html

0 comments:

Post a Comment