+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, April 18, 2012

အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့်သုံးဦး အလုပ်ထုတ်ခံရ


အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေး
 အေးဂျင့်သုံးဦး အလုပ်ထုတ်ခံရ 

Thursday 19th April 2012

ကိုလံဘီယာ နိုင်ငံတွင် ဖြစ်ပွားခဲ့ရသည့် ကိစ္စနှင့် အတူ အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့် သုံးဦး
မှာ ပြည့်တန်ဆာလုပ်ငန်းနှင့် ဆက်နွယ်သည့်စွပ်စွဲချက်များဖြင့် ရာထူးမှဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။

ယင်းသုံးဦးအထဲမှ တစ်ဦးမှာအလုပ်ထုတ်ခံခဲ့ရကာ နောက်တစ်ဦးမှာ အငြိမ်းစား ယူခွင့်ပေးခဲ့ပြီး နောက်တစ်ဦးမှာ ရာထူးမှ နုတ်ထွက်လိုက်ခြင်း ဖြစ်ကြောင်း AP သတင်းတွင် ဖော်ပြခဲ့သည်။

အလားတူပင် အဆိုပါ ကိစ္စအတွက် တာဝန်ရှိသူများမှ ယခင်အပတ်က စစ်ဆေးမှုများအတွင်းတွင် အခြား
၈ ဦးကိုလည်း လစာ မဖြတ်ဘဲ ရာထူးမှခေတ္တအနားယူစေခဲ့သည့်အပြင် ယခုအမှုအတွင်းတွင် နောက်ထပ်
ထောက်လှမ်းရေးအေးဂျင့် တစ်ဒါဇင် ခန့်မှာလည်း ပါဝင် ပတ်သက်နေနိုင်ကြောင်း သိရသည်။

အနည်းဆုံး အနေဖြင့် အဆိုပါအေးဂျင့်များမှာ ကိုလံဘီယာတွင် ကျင်းပမည့် Summit of the Americas
အစည်းအဝေး မတိုင်မီအချိန်အတွင်း ပြည်.တန်ဆာများကို ဟိုတယ်အခန်း အတွင်းသို့ခေါ်ယူခဲ့သည့်
ကိစ္စတွင် ပါဝင်ဖွယ် ရှိကြောင်းလည်း ယင်းသတင်းတွင် ဖော်ပြခဲ့သည်။

ယခု ဖြစ်ရပ်အတွက် အမေရိကန်နှင့် ကိုလံဘီယာ တာဝန်ရှိသူများမှာ စုံစမ်း စစ်ဆေးနေကြောင်း AP သတင်း အရ သိရသည်။

source : AP
 Copy from http://www.mrtv4.net.mm/news

0 comments:

Post a Comment