+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, April 18, 2012

တောင်ဆူဒန်နိုင်ငံအား သမ္မတ ဖြစ်သူOmar al- Bashir မှ စစ်ကြေငြာ

Sudanese president Omar al-Bashir is wanted as an alleged war criminal, but he recently performed one good deed, which has saved thousands of lives. U.S. Navy photo by Mass Communication Specialist 2nd Class Jesse B. Awalt 
More information; http://www.straight.com 

တောင်ဆူဒန်နိုင်ငံအား 

ဆူဒန်သမ္မတမှ စစ်ကြေငြာ 

Thursday 19th April 2012

ဗုဒ္ဓဟူးနေ့က ဆူဒန်သမ္မတ ဖြစ်သူ Omar al- Bashir မှာ တောင်ဆူဒန် နိုင်ငံအပေါ် စစ်ကြေငြာလိုက်ပြီ ဖြစ်
ကာနှစ်နိုင်ငံ နယ်စပ်မျဉ်းအကြား ထိပ်တိုက်တွေ့ဆုံသည့် တိုက်ပွဲများပြင်းထန်လာချိန်တွင် Juba ရှိ ဆူဒန်
ပြည်သူ့လွတ်မြောက်ရေးလှုပ်ရှားမှု ( SPLM) အစိုးရအဖွဲ့ကို ဖြုတ်ချပစ်မည်ဖြစ်ကြောင်း ကတိပြု ပြောကြား
လိုက်ပြီ ဖြစ်သည်။

လက်ရှိ အာဏာရ ပါတီဖြစ်သော Khartoum ရှိ အမျိုးသား ကွန်ဂရက် ပါတီမှ အဖွဲ့ဝင်များထံသို့ ဆူဒန် သမ္မတ ဖြစ်သူမှ ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကာ မိမိတို့ အနေဖြင့် ကြွေးကျော်သံ တစ်ခုအဖြစ် ယနေ့မှ စတင်ကာ တောင်ဆူဒန်ရှိ ပြည်သူများ အပေါ် SPLM ၏ အုပ်စိုးနေမှ လွတ်မြောက်စေရန် လုပ်ဆောင်သွား မည် ဖြစ်သည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ယနေ့မှ စတင်ကာ မျက်လုံး တစ်လုံးအတွက် အစားထိုး မျက်လုံး တစ်လုံးကို လည်းကောင်း ၊ သွားတစ်ချောင်း အတွက် သွားအစား တစ်ချောင်းကို လည်းကောင်း တိုက်ခိုက်မှု တစ်ခုအတွက် တန်ပြန် တိုက်ခိုက်မှု တစ်ခုကို လည်းကောင်း ပြန်လည် တုံ့ပြန်သွားမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

 Al-Bashir မှာ တောင်ဆူဒန်အစိုးရကို နှစ်နိုင်ငံအကြား သတ်မှတ်ထားခဲ့သည့် သဘောတူညီချက်များ ချိုး
ဖောက်သူအဖြစ် စွပ်စွဲခဲ့ကာ ယင်းလူများမှာကတိတည်သူများမဟုတ်ဘဲ သစ္စာဖောက်များသာ ဖြစ်ကြောင်း
လည်း ပြောကြားသွားခဲ့သည်။

source : xinhuanews
Copy from http://www.mrtv4.net.mm/news

0 comments:

Post a Comment