+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, December 9, 2009

အတွေး

လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ရေးသားထားတဲ့ ဆရာအောင်ဇေရဲ့
ကဗျာတပုဒ်ကိုဖေါ် ပြလိုက်ပါတယ်၊ ခံစားကြည့်ကြပါ။
03-October-1998 မှာရေးသားခဲ့တာဖြစ်ပါတယ်။
ကဗျာခေါင်းစဉ်က အတွေး ဖြစ်ပါတယ်။

အတွေး
(အောင်ဇေ)

ဒေါနတောင်တန်း
စမ်းချောင်းတခုနံဘေး
အေးချမ်းတဲ့ရွာကလေးရဲ့
သေးသွယ်တဲ့တဲငယ်မှာ
ရောင့်ရဲတတ်တဲ့
တောင်ပေါ်သားတို့ဘာဝ
ရှိသမျှအမြင်
အလှအသွင်ချည်းပဲပေါ့။

ပြန်ပြောင်းတွက်စစ်
လွန်ခဲ့တဲ့နှစ်ငါးဆယ်ကျော်
ဖက်ဆစ်တော်လှန်ရေးကာလ,မှာ
မင်းနဲ့ငါအတူ
ကြည်ဖြုလက်တွဲလို့
တိုက်ပွဲဝင်ခဲ့ချိန်မှာ။


ကချင်၊ ကရင်နီ၊ ချင်းနဲ့
ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း
လျှမ်းလျှမ်းတောက်ပြေင်မြောက်တဲ့သတ္တိနဲ့
ဇွဲရှိရှိတော်လှန်
ပြည်ထောင်စုရန်ကို
တွန်းလှန်လို့ဖြိုဖျက်
နှစ်သက်ဘွယ်ပုံရိပ်
အတိတ်ကာလ,ကြည်မြဘွယ်ရာ
ပုံရိပ်လွှာအတွေးလေး
မဆုံးသေးခင်မှာ။

ဝုန်းဒိုင်းပေါက်ကွဲသံ
ငရဲပွက်သလိုညံပေရော
ဆူသံညံသံဟိန်းဟောက်သံ
ငိုသံရှိုက်သံထိတ်လန့်သံ
ငရဲဟန်မြင်ကွင်း
ယမ်းခိုးတွေအရှင်းမှာ။

ပန်းတွေလည်းကြွေ
စမ်းရေလည်းနောက်
အမိပျောက်သားငယ်လေး
ဧချမ်းပါတယ်ဆိုတဲ့ရွာကလေးရဲ့နိဂုဏ်း
ဖွေးဖြူတဲ့ပြာပူတွေအဖုံးမှာ။

ရင်ထဲမှာ
စစ်ကနဲနာ ဟာကနဲလှိုက်
ရှိုက်ကနဲဖို
ငိုနေတဲ့နှလုံးသားရဲ့အတွေးမှာ
အလှတရား
တိုင်းရင်းသားတွေကြား
ကိုယ်စီကိုယ်ငှ ပီသ,တဲ့အလှ
ကိုယ်စီရှိကြတာကို
ငါက,တော့သိခဲ့ရ,ပါရဲ့။

သို့သော်လည်းလေ အခုချိန်မတော့
မှုန်ဝေတဲ့ယမ်းခိုးတွေက
အလည်မှာကာခြား
နယ်ခြားနေရ, တို့ဘဝမှာ
တိုင်းရင်းသားအချင်းချင်း
အမြင်ခြင်းမတူ
အယူအဆ,ကွဲပြား
လူမျိုးရေးဆိုတဲ့စိတ်ထားနဲ့
အတွေးမှားရှိလေမှဖြင့်
ပြည်ထောင်စုအရေး
နောင် အေးဘွယ်မရှိလေဘူး။

ခုချိန်မှာလေ တို့များတတွေ
< ယမ်းခိုးဝေတဲ့ သေနတ်တွေကိုဘေးမှာချလို့
ညီမျှကြည်ဖြူ တန်းတူရည်တူ
ဖြူလွင်တဲ့ခုံဝိုင်းမှာ
တဦးကိုတဦးယိုင်းပင်းလို့
တိုင်းပြည်အတွက်မျိုးဆက်ကောင်းတွေ
ငြိမ်းချမ်းရေးဆိုတဲ့အဘိုးထိုက်ရတနာတွေကို
နောင်မျိုးဆက်အတွက်
အမွေပေးဆက်ကြရ,အောင်။

အောင်ဇေ
လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးသို့

0 comments:

Post a Comment